စတီးရွိုက်များနှင့် သွေးတွင်းသကြားဓာတ်(Steroids and blood sugar)
Manage episode 443290516 series 3605191
သွေးချိုဆီးချိုသမားများ သိထားသင့်သည်မှာ သွေးတွင်းအချိုဓာတ်နှင့် စတီးရွိုက်အကြား ဆက်စပ်မှုရှိပါသည်။ စတီးရွိုက်များ သုံးနေစဥ်တွင် အသည်းမှ သကြားဓာတ်ပိုမိုထုတ်လွှတ်ပါသည်။ ထိုသကြားများကို ခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ရာတွင် စတီးရွိုက်များကအဟန့်အတားဖြစ်စေပါသည်။
စတီးရွိုက်များ၏ သွေးတွင်းအချိုဓာတ်အပေါ် သက်ရောက်မှုသည် အောက်ပါအချက်များအပေါ် မူတည်ပါသေးသည်။
၁. သောက်သုံးနေသော စတီးရွိုက် အမျိုးအစား
၂. သုံးစွဲနေခဲ့သည့် ကြာချိန်
၃. ဆေးပမာဏ
၄. သွေးချိုဆီးချိုအမျိုးအစား
၅. စတီးရွိုက်သောက်သုံး/ထိုး သည့် အချိန်
လူကြီးမင်းသည် သွေးချိုဆီးချိုသမားဖြစ်ပြီး စတီးရွိုက်များလည်း သုံးနေရလျှင်
- သွေးတွင်းအချိုဓာတ်အဖြေများနှင့် သောက်သုံးသော စတီးရွိုက်များကို မှတ်တမ်းထားပါ။
- သွေးတွင်းအချိုဓာတ်သည် နှစ်ကြိမ်ထက်ပို၍ ၁၅ mmol ထက်များနေပါက ဆရာဝန်ထံ အကြောင်းကြားပါ။
- သွေးချိုဆီးချို၏ လက္ခဏာများဖြစ်သော ရေငတ်ခြင်း၊ ဗိုက်ဆာခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ မကြာခဏဆီးသွားခြင်း အစရှိသည်များ ခံစားရပါက ဆရာဝန်ကို အသိပေးပါ။
126 episodios